List of Smart Phone & Tablet Mobile Processors
ယနေ့ Smart Phone နဲ့ Mobile Processors တွေဟာ
Desktop Computers များကဲ့သို့ စွမ်းဆောင်ရည် မြှင့်မားလာကြပါတယ်။ ယခုအခါ
Processors တွေဟာ Cores အရည်အတွက်များလာပါပြီ။ အစတုန်းက Single Core, ပြီးတော့
Dual Core, ခုတော့ Quard Core, Hexa Core နဲ့ Octa Core ဆိုပြီး ဖြစ်လာပါပြီ။
Processors အများစုဟာ 64 bit တွေဖြစ်ကြပေမဲ့ 32 bit နဲ့ပဲ စတင်ခဲ့ကြပါတယ်။
Processing Speed တွေဟာ 3.0 – 3.5 GHz ထိရောက်ရှိလာပါတယ်။ Mobile Processor ထဲမှာ
GPU (Graphic Processing Unit) ပါဝင်တဲ့အတွက် အကောင်းဆုံး Graphics တွေ 3D လုပ်ဆောင်ချက်တွေ
VR (Virtual Reality) လုပ်ဆောင်ချက်တွေနဲ့ 4K Recording တွေကို အထောက်အကူပြုလာပါတယ်။
တိုးတက်လာတဲ့ Processor နည်းပညာတွေကြောင့် ယနေ့ ခေတ်မှီ Mobile Devices တွေဟာ ပိုမို
စွမ်းဆောင် လာနိုင်ကြပါတယ်။
Dec 10th,
2016
Qualcomm
Snapdragon
US အခြေစိုက် ကုမ္ပဏီရဲ့ နည်းပညာဖြစ်ပါတယ်။
ဈေးကွက်အတွင်းမှာ CDMA Technology ဖြင့် လူသိများလာတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် စတင်လာခဲ့ပါတယ်။
Qualcomm ဟာ Mobile Devices, Virtual Reality, ခြေရာခံစက်ပစ္စည်း, ဂြိုလ်တုဖုန်း, ကြိုးမဲ့
အားသွင်းစနစ်, သတင်းအချက်အလက်ဆိုင်ရာများစသည်တို့အတွက် Semiconductor
Design နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လာပါတယ်။ ယခုအခါ Qualcomm ကို
LTE Modems နဲ့ Mobile Processors တွေ ထုတ်လုပ်မှုမှာ အရေးပါတဲ့ Snapdragon Brand အနေနဲ့
လူသိများလာပါတယ်။
Smartphones
တော်တော်များများရဲ့ ပျှမ်းမျှ မြန်နှုန်းက 512 MHz ပဲ ရှိသေးတဲ့အချိန်မှာ ပထမဆုံး
1 GHz Processor ကို ထုတ်နိုင်လာတာဟာ Processor ဈေးကွက်အတွင်း Snapdragon ရဲ့ ပထမဆုံး
အောင်မြင်မှုပါပဲ။
2005
ခုနှစ်မှ စတင်ပြီး Snapdragon ဟာ S1, S2, S3, S4, S200, S400, S600, S800 စတဲ့ Snapdragon Series တွေအများကြီး ထုတ်ခဲ့ပြီး 2016 ခုနှစ်မှာ processors ထုတ်လုပ်မှုကို S800
Series တွင် အဆုံးသတ်ခဲ့ပါတယ်။ S800 Series ထဲတွင် S800, S801, S805, S808, S810,
S820, S821 တို့ကို ထုတ်လုပ်ခဲ့ပြီးပါပြီ။ S820 or S821 တို့ဟာ အလယ်အလတ်တန်းဝင်ကနေ
အမြင့်တန်းဝင် Smartphones တွေမှာ သုံးတဲ့ Processors တွေပဲ ဖြစ်ကြပါတယ်။ Latest ကတော့
S821 ပါပဲ။
S821
ပြီးတော့ Qualcomm ဟာ S835 Series ကို 2017 အလယ်မတိုင်မှီမှာ Market အတွင်း ချပြပါလိမ့်မယ်။
Chipset ရဲ့ အရွယ်အစားဟာ 10 Nanometer ဖြစ်လာပါလိမ့်မယ်။ အရင်မော်ဒယ်ဖြစ်တဲ့ S821 ရဲ့
အရွယ်အစားဟာ 14 Nanometer ပါ။ Processor အသစ်ဟာ 27% စွမ်းဆောင်ရည်တိုးလာမယ် ပါဝါစားသုံးမှု
40% လျှော့ချပေးမယ် 30% သေးငယ်လာပါမယ်။ 5-10 မိနစ်လောက် အားသွင်းရုံနဲ့ ဘတ္ထရီအတွက်
လုံလောက်တဲ့ ပါဝါကို ဖြည့်တင်းပေးနိုင်မဲ့ Quick Charge 4.0 ကို ထောက်ပံ့ပေးပါတယ်။
Snapdragon 821 ကို သုံးစွဲထားတဲ့ Devices
တွေကတော့ Google Pixel, Google Pixel XL, Asus Zenfone, OnePlus 3T, Xiaomi Mi 5s,Xiaomi Mi5s Plus, LeEco Le Pro3 တို့ပါပဲ။ Qualcomm Snapdragon Processors ရဲ့
စဉ်းစားရမဲ့အချက်က Apple မှလွဲပြီး အခြား Mobile နဲ့ Tablet ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနှင့်အတူ
နာမည်ကြီးလို့ပါပဲ။
စွမ်းဆောင်ရည်ကောင်းမွန်တဲ့အတွက်ကြောင့်ပဲ
Qualcomm Snapdragon Processors တွေကို အသိများခဲ့ကြတယ်။ Snapdragon Processors တွေဟာ
ပြင်းပြင်းထန်ထန်တွက်ချက်လုပ်ဆောင်ရတဲ့ ဂိမ်းဆော့တဲ့အခါ၊ လုပ်ငန်းကြီးကြီးမားမားတွေ လုပ်ဆောင်တဲ့အခါ၊
Multitasking လို့ခေါ်တဲ့ တချိန်ထဲမှာ လုပ်ငန်းတွေအများကြီးလုပ်တဲ့အခါတွေမှာ ကောင်းမွန်စွာ
ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ Processors ထဲမှာ ပါဝင်တဲ့ Andreno Graphics ကလဲ
Processors ရဲ့ စွမ်းဆောင်ရည်ကိုလိုက်ပြီး အတွဲညီညီ ဆောင်ရွက်ပါတယ်။ အခြား
Processors နဲ့ ယှဉ်ရင် Heat တက်နိုင်ခြေ နည်းတယ်။ ပုံမှန်အားဖြင့်တော့ Snapdragon
Processors တွေက တခြား Processors တွေထက် ဈေးပိုကြီးပါတယ်။
Apple
Mobile Processors
Apple ဟာ Microprocessors တွေကို မထုတ်ပါဘူး။
ဒါပေမဲ့ သူတို့ မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည် နှင့် သူတို့ရဲ့ဒီဇိုင်းကိုလိုက်ပြီး
သူတို့စိတ်ကြိုက် Processors တွေကို တည်ဆောက်ပေးဖို့အတွက် Microprocessors ထုတ် ကုမ္ပဏီတွေဖြစ်ကြတဲ့
Samsung နဲ့ TSMC တို့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။
ဥပမာ - A9 16nm ကို TSMC က တည်ဆောက်ပေးနေစဉ်အတွင်း A9 14nm ကို Samsung က တည်ဆောက်ပေးခဲ့ပါတယ်။
(A9 က iphone 6s, 6s Plus, SE တို့မှာ သုံးထားတဲ့ Chip ပါ။)
AppleA Series က iphone, ipad, ipod Touch နဲ့ Apple TV တို့အတွက် ဒီဇိုင်းဆွဲထားတာပါ။
ထုတ်လုပ်သုံးစွဲပြီးသွားတဲ့ A Series တွေကတော့ A4, A5, A5X, A6, A6X, A7, A8, A8X,
A9, A9X နဲ့ A10 တို့ပါပဲ။ Apple
A10 Fusion
ကတော့ iphone 7 နဲ့ 7 Plus မှာ သုံးထားတဲ့ Latest Processors ဖြစ်ပြီး TSMC က ထုတ်တာပါ။
16nm FinFET Technology နှင့် တည်ဆောက်ထားတဲ့ Quad Core CPU နဲ့ Hexa Core Power
VR GPU ပါမယ် ပြီးတော့ 2.4GHz မြန်နှုန်းနဲ့အလုပ်လုပ်နိုင်ပါတယ်။ A9 နဲ့ ယှဉ်ကြည့်မယ်ဆိုရင်
A10 က နှစ်ဆ ပိုမြန်လာပြီး Graphics တွက်ချက်မှုတွေ 50% တိုးတက်လာပါတယ်။
Apple S Series က Apple Watch အတွက်ပါ။
Apple S1, Apple S1P, Apple S2 တို့ဖြစ်ပါတယ်။ Samsung က တည်ဆောက်ပေးတဲ့ Apple S2 က
Dual Core နဲ့ GPS ပါဝင်ပြီး Apple Watch2 မှာ တပ်ဆင်ပေးထားပါတယ်။
Apple W Series က ကြိုးမဲ့ နားကြပ်တွေမှာ
သုံးတာပါ။ Apple W1 ကို Wireless Handphones နဲ့ AirPods မှာ သုံးထားပါတယ်။
Apple
T Series ကိုတော့ Macbook Pro ရဲ့ TouchID Sensors အတွက် ဒီဇိုင်းဆွဲထားပါတယ်။
လက်ရှိအသုံးပြုနေတဲ့ version ကတော့ Apple T1 ပါ။
Intel
Atom And Core M Processors
Intel ဟာ PC နဲ့ Microprocessors ထုတ်လုပ်တဲ့
American အခြေစိုက် နိုင်ငံတကာ Company တွေ စုပေါင်းလုပ်ကိုင်ကြတဲ့ လုပ်ငန်းစုကြီးဖြစ်ပါတယ်။
Atom ဆိုတာက Smartphones and Tablet တွေမှာသုံးဖို့အတွက် ပါဝါစားသုံးမှုနည်းပြီး တန်ဖိုးနည်း
32 and 64 Chip တွေအတွက် Brand နာမည်ပဲ ဖြစ်ပါတယ်။ Intel Processors တွေဟာ X86Architecture ကို အခြေခံထားတဲ့အတွက် ARM ထက် ပိုစွမ်းဆောင်ရည်ကောင်းပါတယ်။ ဒါပေမဲ့
ARM Architecture နဲ့ ယှဉ်ရင် ပါဝါပိုစားပါတယ်။ Mobile Devices တွေအားလုံးအတွက်
ရည်ရွယ်ပြီးတော့ ထုတ်ထားတဲ့ Latest Intel Processors ဟာ ပါဝါစားသုံးမှုကို ပြင်ဆင်ပေးထားပြီး
5 watts ထက်နည်းအောင် လျှော့ချပေးမှာပါ။ သို့သော်လည်း Atom Processors ဟာ Windows တစ်ခုတည်းကိုပဲ
အထောက်အပံ့ပေးပါတယ်။ ယခုအခါ Operating Systems အကုန်လုံးကို Supports လုပ်လာပါပြီ။
Intel Atom Processors ဟာ လောလောဆယ် Atom
X5 and X7 Series ကိုပဲ ထုတ်ထားပါသေးတယ်။ Series ၂ ခုလုံးဟာ 64 bit 14nanometer
Size နဲ့ Quad Core ပါဝင်ပြီး 1.6GHz ကနေ 2.4GHz အထိ မြန်နှုန်းမြှင့်တင်နိုင်ပါတယ်။
2
in 1 ပြောင်းလဲ အသုံးပြုနိုင်တဲ့ Tablet Computer တွေ, Mobile Devices တွေ,
Ultra-Thin Notebooks တွေအတွက် ပါဝါစားသုံးမှုအလွန်နည်းတဲ့ Intel Core M Microprocessors ကိုလဲ ထုတ်ထားပါသေးတယ်။ Battery သက်တမ်းပိုကြာဖို့အတွက်
ရည်ရွယ်ထားပြီး ပါဝါစားသုံးသုံးမှုကို 4.5 Watts ထက် ပိုနည်းအောင် ပြုလုပ်ထားပေးပါတယ်။
Dual Core ပါဝင်ပြီး 1.5 GHz ကနေ 3.2 GHz အထိ မြန်နှုန်းမြှင့်နိုင်ပါတယ်။ အရင်
Version တွေထက် CPU နဲ့ Graphics စွမ်းဆောင်ရည်ကို 40% တက်လာအောင် မြှင့်တင်ပေးနိုင်ပါတယ်။
Intel
Atom Processors ဟာ Mobiles, Tablets, Computers စတဲ့ ထုတ်ကုန်တွေအားလုံးကို
Supports ပေးပါတယ်။ Microsoft Surface, Asus, Dell, Lenovo, HP တို့ရဲ့ Tablet ပစ္စည်းတွေမှာ
Latest Atom Processor ကို အဓိက သုံးထားပါတယ်။ 2016 ခုနှစ်မှာ Atom Processor ကိုသုံးတဲ့
Smartphone ကတော့ Asus Zenfone Series ပဲဖြစ်ပါတယ်။ 12-inch Apple MacBook နဲ့ HPChromebook မှာတော့ Core M Processsors
ကို အသုံးပြုထားပါတယ်။
Nvidia
Tegra
American
အခြေစိုက်
Mobile Devices, Gaming Units, Processing Units For Graming တွေထုတ်လုပ်တဲ့ နည်းပညာ
ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ Tegra ဆိုတဲ့
Brand နာမည်တစ်ခုအောက်မှာ Smartphones, Tablets and Mobile ပစ္စည်းတွေအတွက် Chips တွေကို
ထုတ်လုပ်နေပါတယ်။
Tegra Processors တွေကို 64bit ARM
Architecture ပေါ်မှာအခြေခံ တည်ဆောက်ထားပါတယ်။ Tegra 1, Tegra 3, Tegra 4, Tegra
4i, Tegra K1, Tegra X1 တို့ ဖြစ်ပါတယ်။ 2016 နှစ်ကုန်ပိုင်းမှာ Tegra X1 ဟာ
Market အတွင်း အလွန်အဆင့်အတန်းမြင့်တဲ့ Tegra Chip ဖြစ်လာပါတယ်။ Quad Core CPU ပါဝင်ပြီး
Maxwell-based 256 Core GPU ပါဝင်တဲ့အတွက် 4K Video တွေကို ပြပေးနိုင်မှာပါ။ 20 nanometer
Technology ဖြင့် တည်ဆောက်ထားပြီး လက်ရှိမှာတော့ Nvidia SHIELD Android TV မှာ အသုံးပြုထားပါတယ်။ Tegra 4, Tegra 4i နဲ့ Tegra K1 တို့ဟာ
Smartphones နဲ့ Tablet တွေမှာ အဓိက အသုံးပြုတဲ့ Processors တွေပါပဲ။
Tegra 4 ကို Asus Transformer PAD, HPSlatebook, Toshiba Excite, XOLO Play Tegra Note တို့မှာ အသုံးပြုထားပါတယ်။
Tegra 4i ကို Black Phone, Tegra K1 ကိုတော့ Nvidia Shield Tablet,
Google Nexus 9, Acer Chromebook 13 နဲ့ Navi Big Tab တို့မှာ သုံးထားပါတယ်။
Nvidia ဟာ 2017 မှာတော့ Tegra P1 နဲ့
Nvidia Xavier ကို ထုတ်လုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ 16nm Technology ပေါ်မှာ တည်ဆောက်ထားကြတဲ့ Tegra P1ကို Hexa
Core နဲ့ Nvidia Xavier ကိုတော့ Octa Core နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Nvidia Tegra Processors ရဲ့ စဉ်းစားရမဲ့အချက်တွေကတော့
Mobile
Gaming တွေအတွက်ကတော့ Tegra က အကောင်းဆုံးပါပဲ။ Mobile Processors တွေ အားလုံးထဲမှာ
Graphics Processing အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ Heat တက်တာနဲ့ Battery
Performance ပိုင်းမှာတော့ နဲနဲချာပါတယ်။ ဒါပေမဲ့ နောက်လာမဲ့ Model တွေမှာတော့ အားနည်းချက်တွေကို
ပြင်ဆင်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ အခြား Processors တွေထက်တော့ ဈေးကြီးနေပါတယ်။
MediaTek
Mobile
Devices, HDTV’s နဲ့ အခြား Electornic Devices တွေအတွက် Chipset ထုတ်ပေးတဲ့ ထိုင်ဝမ် Semiconductor Company တစ်ခု
ဖြစ်ပါတယ်။
64
Bit ARM Architecture ပေါ်မှာ အခြေခံ တည်ဆောက်ထားပြီး Latest MdeiaTek Processors ဟာ
ဆိုရင် 3.0 GHz အထိ မြန်နှုန်းမြှင့်တင်ပေးနိုင်ပါတယ်။ Dual Core (2 Core), Quad
Core (4 Core), Hexa Core (6 Core), Deca Core (10 Core) တို့နဲ့ လာပါတယ်။
MediaTek
ရဲ့ Latest Processor ဖြစ်တဲ့ Helio X20 နဲ့ Helio X25 တို့ကို Smartphones and
Tablet တွေမှာ သုံးကြပါတယ်။ MediaTek ဟာ တရုတ် Mobile နဲ့ Tablet ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကြားမှာတော့
နာမည်ကြီးပါတယ်။ Xiaomi, Meizu, LeEco Le, Yu စတဲ့ ကုမ္ပဏီတွေရဲ့ Smartphones တွေမှာ
သုံးကြတယ်။ Acer, Asus, Lenovo, Amazon Fire HD, Qmobile တို့လဲ သူတို့ရဲ့ Tablets
တွေမှာ သုံးကြပါသေးတယ်။
2017
နှစ်စပိုင်းမှာပဲ Helio X30 နဲ့ Helio X27 တို့ကို ဈေးကွက်အတွင်းရရှိနိုင်ဖို့
MediaTek က လုပ်ဆောင်သွားမှာပါ။ သူတို့ကို 10 nm နဲ့ 20 nm Technology ဖြင့် အသီးသီး
အသုံးပြုသွားမှာဖြစ်ပြီး နှစ်မျိုးစလုံး Dexa Core ပါဝင်လာမှာ ဖြစ်ပါတယ်။
MediaTek
ကို စဉ်းစားသင့်တဲ့အချက်တွေက MediaTek ရဲ့ Latest Processors တွေဟာ Core တွေ အများကြီးနဲ့
လာပါတယ်။ လုံလောက်တဲ့ RAM ပမာဏကို ထည့်သွင်းပေးထားသောကြောင့် စွမ်းဆောင်ရည်ပြည့်တဲ့
တွက်ချက်မှုတွေနှင့်အတူ Multi-Tasking တွေကို လွယ်လွယ်ကူကူ အသုံးပြုဖြေရှင်းနိုင်မှာပါ။
Processors တွေထဲမှာ MediaTek ရဲ့ Power VR GPU ဟာ ပိုကောင်းတယ်ဆိုတာ ငြင်းမရပါဘူး။
Qualcomm နဲ့ အခြား Processor တွေထက် Heat တက်တာ နည်းပါတယ်။ MediaTek Processors တွေဟာ
ဈေးသက်သာပါတယ် ထို့ကြောင့် စွမ်းဆောင်ရည်ကောင်းပြီး Budget Devices တွေမှာသုံးဖို့
ရွေးခြယ်ကြပါတယ်။
HiSilicon
Semiconductor Technology အထူးပြုတဲ့
Huawei ပိုင် Chinese Company တစ်ခုဖြစ်ပါတယ်။ ARM Architectureကို အခြေခံပြီး
Chip တွေကို ဖန်တီးထုတ်လုပ်ပါတယ်။ တရုတ်ပြည်တွင်းမှာ အကြီးမားဆုံး IC (IntegratedCircuit) ပုံစံရေးဆွဲထုတ်လုပ်တဲ့ Company ပဲ ဖြစ်ပါတယ်။
ထုတ်လုပ်သုံးစွဲပြီးသွားတဲ့
Processors အချို့တွေကတော့ K3V1, K3V2, K3V2E, Kirin 620, Kirin 650, Kirin 910,
Kirin 920, Kirin 930, Kirin 950 ဖြစ်ပြီး နောက်ထပ် မျိုးဆက်ကတော့ Kirin 960 ပဲ
ဖြစ်ပါတယ်။
Kirin 960 ဟာ 64 Bit ARM
Architecutre ပေါ် အခြေခံပြီး 16 nm FinFET Technology ပဲဖြစ်ပါတယ်။ Quad Core ပါဝင်ပြီး
2.4 GHz ထိ မြန်ပါတယ်။ Mali-G71 MP8 GPU နဲ့ ပထမဆုံး Processors ဖြစ်ပြီး GalaxyS8 ကဲ့သို့ စွမ်းဆောင်နိုင်မယ်လို့ ကြေငြာထားပါတယ်။ GPU ဟာ အရင်မော်ဒယ်တွေထက် 180%
ပိုမြန်ပါမယ်။ Battery အားပိုခံပြီး LTE Download and Upload Speeds တွေ ပိုမြန်လာမယ်။
Apple A10 Fusion နဲ့ Snapdragon 820 and 821 တို့ထက် စွမ်းဆောင်ရည်ပိုကောင်းလာမယ်လို့လဲ
ကြေငြာထားပါတယ်။
2017
နှစ်စပိုင်းမှာ Huawei P10 and Huawei Mate 9 နှင့်အတူ Kirin 960 ကို အသုံးပြုသွားမယ်လို့
သတင်းထုတ်ပြန်ခဲ့ပါတယ်။
Samsung
Exynos
ARM
Architecture ကို အခြေခံတည်ဆောက်ထားတဲ့ Samsung
Electronics ရဲ့ Processors ဖြစ်ပါတယ်။ Exynos 7 Dual, Exynos 7420, Exynos
7 Octa 7580, Exynos 7 Octa 7870 တို့ဖြစ်ပါတယ်။
နောက်ထုတ်မဲ့ Processors က Exynos 8 Octa
8890 ဖြစ်ပြီး Octa Core, 64-Bit ARM Architecture နှင့် Mali GPU တို့ ပါဝင်ပါတယ်။
2.3 GHz ထိ မြန်တယ် 4K UHD (Ultra-Hight-Definition)
Resolution နဲ့ 3D Gaming တွေ Support ပေးပါတယ်။ 14 nm Technology ဖြစ်ပါတယ်။
Exynos 8 Octa 8890 ကို Samsung GalaxyS6 and S6 edge တို့မှာ သုံးထားပါတယ်။ Exynos 8 Octa 8890 ပြီးနောက်ပိုင်းမှာ နောက်ထပ်
မော်ဒယ်အသစ်လဲ မကြေငြာသလို မည်သည့်သတင်းထုတ်ပြန်မှုမှလဲ မရှိခဲ့ပါဘူး။ Latest
Samsung Smartphones နဲ့ Tablets တွေကို Snapdragon Processors တွေပဲ ပြန်သုံးနေပါတယ်။
Dec 10th, 2016
Comments
Post a Comment